ပုဏ္ဏားကျွန်းမြို့ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတိုက်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတိုက်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊ ဇူလိုင်   ၃၁

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတိုက်၌  ကျောင်းတိုက်သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို ယနေ့၊ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးးကျောင်းတိုက် ခြံဝင်းအတွင်းရှိ မြက်ပင်၊ ပေါင်းပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းတို့ကို တက်ညီလက်ညီဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါသန့်ရှင်းရေးဆောင်ရွက်ပေးနေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန် ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)