ရွှေတောင်မြို့ ၊ အထက( သရက်တော )ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့ ၊ အထက( သရက်တော )ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကျင်းပ





MNP ၊ ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထက( သရက်တော )ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကိုယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုးက ကျောင်းသား ၊ကျောင်းသူလေးများအား မူးယစ်ဆေးဝါးနှင့် မှုခင်းကျဆင်းရေးအကြောင်း၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပြီး ရွှေတောင်မြို့နယ် မြို့နယ်ဥပဒေအရာရှိ ဦးဇာနည်ထက်ကယူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတက်သော ဥပဒေ ၊နည်းဥပဒေများကို ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ ကျောင်းသား ၊ကျောင်းသူ ( ၁၃၅) ဦးခန့်တက်ရောက်၍ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အသိပညာ ဗဟုသုတ ရရှိရေးအတွက်ပြန်လည်မေးမြန်းခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)