မောက်မယ်မြို့နယ်တွင် အစေ့ထုတ်ပြောင်းများ စိုက်ပျိုးရာတွင် မျိုးစေ့ချစက်ယန္တယားများ အသုံးပြုလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်တွင် အစေ့ထုတ်ပြောင်းများ စိုက်ပျိုးရာတွင် မျိုးစေ့ချစက်ယန္တယားများ အသုံးပြုလာ



MNP ၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် အလုပ်သမားရှားပါးမှုကြောင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းကာ အစေ့ထုတ်ပြောင်းသီးနှံစိုက်တောင်သူများ မျိုးစေ့ချ စက်ယန္တယားများဖြင့် အသုံးပြုသူများလာပြီး အစေ့ထုတ်ပြောင်းများစက်ဖြင့် စိုက်ပျိုးရာတွင်လည်း လေးတန်းအလိုက် အပင်အကွာအဝေး ညီညာလျက် ရှိကြောင်း သိရသည်။


ယခုနှစ်တွင် အစေ့ထုတ်ပြောင်းသီးနှံ စိုက်တောင်သူများသည် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးထားရာမှ ယခင်နှစ်များထက် စျေးကောင်းရကာ ယခုနှစ်များတွင်လည်းပြောင်းများ ပိုမိုတိုးချဲ့ စိုက်ပျိုးကြပြီး မောက်မယ်မြို့နယ်အတွင်း ဒေသခံတောင်သူများ ဇွန်လမှစ၍ အစေ့ထုတ်ပြောင်းသီးနှံ စိုက်ခင်းများ ပိုးမွှားကင်းစင်ပြီး အောင်မြင်ဖြစ်ထွန်းစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖောငမြောင်တောင်ပိုးကျရောက်မှု ကြိုတင်ကာကွယ်ရေး၊ ဘက်စုံသီးနှံ ကာကွယ်ရေးစနစ်ဖြစ်သည့် သဘာဝပိုးပြေးဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိပြီး အစေ့ထုတ်ပြောင်းကို မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သဖြင့်  ရောင်းချရသည့် သီးနှံတစ်မျိုးဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ(၄)လကျော်ပါက စတင်ခူးဆွတ် ရောင်းချရပြီး ရောင်းစျေးအနေဖြင့် အစေ့ထုတ်ပြောင်း တစ်ပိဿာလျင်(၈၅၀)ကျပ်ရောင်းချရပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း တောင်သူ များက ပြောပြသည်။


မောက်မယ်မြို့ဝန်းကျင်၌ မိုးစပါးအပြင် အစေ့ထုတ်ပြောင်း၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ အခြားသီးနှံမျိုးစုံများကို ဟိုလွိုင်ကျေးရွာအုပ်စု၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နမ့်လွတ် ကျေးရွာအုပ်စုများရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း မောက်မယ်ကုန်ဝယ်တိုင်မှတဆင့် တောင်ကြီးစျေးကွက်သို့ တင်ပို့ရောင်းချရခြင်းကြောင့် ဒေသခံတောင်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိနေကြကြောင်း သိရသည်။


စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)