(၅) ဘာသာဂုဏ်ထူးရှင် ကျောင်းသားတစ်ဦး ဆေးတက္ကသိုလ်တက်ရောက်ရန်အတွက် ငွေကြေး အခက်အခဲရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅) ဘာသာဂုဏ်ထူးရှင် ကျောင်းသားတစ်ဦး ဆေးတက္ကသိုလ်တက်ရောက်ရန်အတွက် ငွေကြေး အခက်အခဲရှိနေ





MNP ၊ ဇူလိုင် ၅ 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ (၁၄) ရပ်ကွက်၊ စီမံကိန်း ၁၊ ကြက်မောက်လမ်း အမှတ် ၃၉၆၊ ၄ ခန်း တွဲလိုင်းခန်းတွင် ငှားရမ်းနေထိုင်သည့် ကျောင်းသားတစ်ဦးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၅) ဘာသာဂုဏ်ထူးပါပြီး ဆေးတက္ကသိုလ်တက်ရောက်ရန်အတွက် ငွေကြေးအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ 

၂၀၂၂-၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူး (၅) ဘာသာဖြင့် အောင်မြင်ခဲ့သည့် မောင်မင်းမင်းဟိန်းမှာ ဆေးတက္ကသိုလ်တက်ရောက်ရန်အတွက် ငွေကြေးမှာအခက်အခဲ ကြုံတွေ့နေရခြင်း ဖြစ်သည်။

“အဖေက ဆိုက်ကားနင်းပြီး ကျောင်းထားတာ။ အခက်အခဲတွေကတော့ ပိုက်ဆံမရှိတော့ အရမ်းအခက်အခဲ ဖြစ်တယ်။ စာရွက်စာတန်းဖိုးတောင် မတတ်နိုင်ဘူး။ သူငယ်ချင်းတွေက သူတို့ပိုတာလေးတွေ ပေးလို့ အဆင်ပြေတာ။ ထမင်းချိုင့်ကို မယူဘူး။ အိမ်ပြန်ပြီး စက်ဘီးနင်းပြီးတော့ ပြန်စားတယ်။ ကိုယ့်အိမ်က အဆင်မပြေတော့ ထမင်း၊ ဟင်းကတော့ ဖြစ်သလိုပေါ့။ ကျူရှင်ဆရာကတော့ ကျူရှင်လခမယူဘူး။ ကျွန်တော်က ကျူရှင်တက်ပြီး အပြင်ဖြေ ဖြေတာ။ ကျွန်တော် ရည်မှန်းချက်ကတော့ ဆရာဝန်ကြီး ဖြစ်ချင်တာ” ဟု (၅) ဘာသာဂုဏ်ထူးရှင် မောင်မင်းမင်းဟိန်းမှ ပြောဆိုထားသည်။

ထို (၅) ဘာသာဂုဏ်ထူးပါသည့် မောင်းမင်းမင်းဟိန်းမှာ အမှတ် (၅၃၃) မှတ်ရရှိပြီး ၎င်း၏ဖခင်ဖြစ်သူမှာ မိသားစုစားဝတ်နေရေးအတွက် ဆိုက်ကားနင်းပြီး ရှာဖွေနေကြောင်း၊ ဇနီးဖြစ်သူမှာ ကျန်းမာရေးမကောင်းဖြစ်နေကြောင်း သိရသည်။

မောင်မင်းမင်းဟိန်း သည် တက္ကသိုလ်ဝင်တန်းတွင် မြန်မာ-၇၆၊ အင်္ဂလိပ်- ၇၂၊ သင်္ချာ-၉၇၊ ဓာတုဗေဒ-၉၅၊ ရူပဗေဒ-၉၅၊ ဇီဝ ဗေဒ-၉၈ တို့ ရရှိပြီး ၎င်းမှာ ဆေးတက္ကသိုလ်တက်ချင်သော်လည်း ငွေကြေးအခက်အခဲဖြစ်ပေါ်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် လှူဒါန်းလိုပါက ၀၉-၉၆၃၇၈၇၀၇၆ အား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


Photo – Credit

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)