MNP ၊ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် အိမ်ထောင်စုထံ ထောက်ပံ့ပစ္စည်းများအား ဇူလိုင်လ ၁၃ ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဇူလိုင်လ ၁၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၂)ရပ်ကွက် အတွင်းရှိ နေအိမ်(၁)လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့သည့် မိသားစုအတွက် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းများကို နေအိမ်အရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းဖြစ်ပြီး သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ပေးအပ်ခဲ့ခြင်းဖြင်ကြောင်း သိရသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment