ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ လူငယ်နှင့်အားကစား အသိပညာပေးဟောပြော သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှုဒါန်းခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ လူငယ်နှင့်အားကစား အသိပညာပေးဟောပြော သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှုဒါန်းခြင်း အခမ်းအနားကျင်းပ





MNP ၊ ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်နှင့် အားကစား အသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ဆွေအေးက အားကစားဆိုင်ရာ အသိပညာများဟော‌ပြောခြင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က လူငယ်နှင့်စာပေအကြောင်း ဟောပြောခြင်း၊ မြန်မာ့လက်ရွှေးစင် အားကစားသမားဟောင်းများအသင်းမှ‌ ဦးဘဝေက စားပွဲတင်တင်းနစ်အားကစား၊ ဒေါ်နွဲ့နွဲ့အေးက ပြေးခုန်ပစ်အားကစားနည်း၊ ဒေါ်ကြည် ကြည်ဝေက ဂျူဒိုအားကစားနှင့် အားကစားအတွေ့အကြုံဗဟုသုတများ ရှင်းလင်းပြောကြားခဲ့ ပြီးနောက်၊ မြန်မာ့ရိုးရာ ခြင်လုံးအဖွဲ့ချုပ်မှ နိုင်ငံလက်ရွေးစင်အားကစားသမားတစ်ဦးဖြစ်သူ မခိုင်သဇင်ဖြိုးက မြန်မာ့ရိုးရာ ခြင်လုံးအားကစားနည်းဖြင့် သရုပ်ပြသခဲ့ရာ မြို့နယ် အားကစားမှူးက ဂုဏ်ပြုချီးမြှင့်ငွေ ပြန်လည်ပေးအပ်ခဲ့သည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာခြင်လုံးအားကစားအဖွဲ့ ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ထက်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိတို့က ဒဂုံအရှေ့ အမှတ်(၁) အခြေခံပညာအလယ်တန်း ကျောင်းအုပ်ဆရာမကြီးထံ အားကစား ပစ္စည်းများ ပေးအပ်ခဲ့၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောစာအုပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုနှင့် မူခင်းကာကွယ်ရေး အသိပညာပေး နံရံကပ်စာ စောင်များပြသရာ‌ အ.လ.က(၁) ကျောင်းသား/သူ၊ ဆရာ၊ ဆရာမများက ကြည့်ရူလေ့လာ‌ကြောင်း သိရသည်။


ဝင်းအိမွန်

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)