မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေးအတွက် စေတနာရှင် အလှူရှင် ၂၇၄ဦး မှ ကျပ် (၅.၀၄)ဘီလီယံ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေးအတွက် စေတနာရှင် အလှူရှင် ၂၇၄ဦး မှ ကျပ် (၅.၀၄)ဘီလီယံ လှူဒါန်း









MNP ၊ ဇူလိုင် ၂၉
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေးအတွက် စေတနာရှင် အလှူရှင်များမှ အလှူငွေထည့်ဝင်လှူဒါန်းခြင်း အခမ်းအနားကို ဗုဒ္ဓဥယာဉ်တော် ရှင်းလင်းဆောင်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ အလှူရှင် ၂၇၄ဦး မှ ကျပ် (၅.၀၄)ဘီလီယံ၊ အမေရိကန်ဒေါ်လာ (၂၃၀၀၀)နှင့် ထိုင်းဘတ်ငွေ ၁၀၀၀၀၀ (တစ်သိန်း) ထည့်ဝင်လှူဒါန်းခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဗုဒ္ဓဥယာဉ်တော်တွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အလှူရှင်များအား ရှင်းလင်းပြောကြားခဲ့သည်။ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ အလှူရှင်များ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချ မဟာမင်္ဂလာ အခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆို လပြည့်နေ့ (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
အခမ်းအနားသို့ နိုင်ငံ ၉နိုင်ငံမှ သံဃာတော်များ ဖိတ်ကြားထားရာ ရန်ကုန်မြို့တွင် ရောက်ရှိနေကြပြီဖြစ်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချ မဟာမင်္ဂလာအခမ်းအနားသို့ ပြည်တွင်း၊ ပြည်ပ သံဃာတော် အပါး ၉၀၀ ပင့်ဖိတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)