MNP ၊ ဇူလိုင် ၁၉
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်း/ အလယ်တနိးအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲကို (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက အာဇာနည်နေ့နှင့်ပတ်သက်၍ ရင်နင့်ဖွယ်အဖြစ်အပျက်များ၊ အမျိုးသား ဗိသုကာ၊ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထုပ္ပတ္ထိ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ နိုင်ငံအတွက် လွတ်လပ်ရေးကြိုးပမ်း အားထုတ်ခဲ့ပုံများ၊ အာဇာနည်(၉)ဦး၏ တွဲလက်ညီညီ လွတ်လပ်ရေးအတွက် တိုက်ထုတ်ခဲ့ပုံများနှင့် ယနေ့ခေတ်လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် နှစ်စဉ်ဇူလိုင်လ(၁၉)ရက်နေ့တွက် ကျရောက်သည့် အာဇာနည်နေ့ကို မမေ့သင့်ကြောင်း၊ထာဝစဉ် ရင်ထဲကိန်းဝပ်တည်ရှိ နေရမည်ဖြစ်ကြောင်း အာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ စသည့် အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ထည့်သွင်းရေးသားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဂျီဖြူတောင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အနေဖြင့် နိုင်ငံတော် အထိမ်းအမှတ် နေ့ရက်များ၊ ပြည်နယ်အထိမ်းအမှတ် နေ့ရက်များတွင် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို အစဉ်တစိုက် ကျင်းပပေးလျက်ရှိရာ ယမန်နေ့က ကျင်းပခဲ့သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အထက်တန်း/ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၆၀)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost




No comments:
Post a Comment