MNP ၊ ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှကြီးမှူး၍ ယနေ့ နံနက်(၁၀)နာရီအချိန်က အမ်းမြောက်ကျေးရွာအုပ်စု၊ ဆူးပုတ် ပျဉ်းတောကျေးရွာ အခြေခံပညာမှုလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အမ်းမြောက်ကျေးရွာအုပ်စု၊ဆူးပုတ်ပျဉ်းတောကျေးရွာရှိကွင်းအမှတ်- ၂၇၁ ၌ လယ်မြေ တောင်သူ ၇၈ ဦးတွင် လယ်မြေ ၁၂၄ ဧက၊ ဥယာဉ်တောင်သူ ၄၀ ဦးတွင် ဥယာဉ်မြေ ၉၂ ဧကနှင့်ကိုင်းတောင်သူ ၃၈ ဦးတွင် ကိုင်းမြေ ၃၈ ဧက ရှိရာ ဒေသခံတောင် သူများက စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။
ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးစိုက်ပျိုးရန် မျိုးသန့် မျိုးစေ့ ရရှိရေး၊ သဘာဝဓါတ်မြေသြဇာသုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာအသုံးပြု၍ စပါးပင်များအား နည်းမှန်၊ လမ်းမှန် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် နွေ၊မိုး၊ဆောင်း ရာသီအလိုက် စပါးနှင့် စားသုံးသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် လျှပ်စစ်စနစ် ဆိုလာစနစ်ဖြင့်ရေတင်ပေးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးနှင့်ရာသီအလိုက် စပါးနှင့် စားသုံးသီးနှံများ စိုက်ပျိုးနိုင်ရန် ရေရရှိရေးကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒေသခံတောင်သူများမှမိုးစပါးစိုက်ပျိုးရန် ပြောင်းလဲလာ သည့် ရာသီဥတုအခြေအနေနှင့်လတ်တလေ မိုးရွာသွန်းမှုနည်း ပါးသောကြောင့် စပါးစိုက်ပျိုးရန် ကြုံတွေ့နေရသည့်အခြေအနေ၊ ယမန်နှစ် စပါးစိုက်ပျိုးနိုင်မှုအ ခြေအနေ၊ စပါးစိုက်ပျိုးနိုင်မှုမရှိပါက အစားထိုးသီးနှံ စိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှု၊ စပါးနှင့် စားသုံးသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် လျှပ်စစ်စနစ်ဖြင့်ရေတင်ပေးနိုင်ရေး၊ စိုက်ပျိုးနိုင်ရေးအတွက် ရေအရင်းအမြက်ရရှိလျှင် မိမိတို့၏ကျေးရွာ၌ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာပြီး လူနေမှုဘဝတိုးတက်လာမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးကြရာ တောင်သူ များတင်ပြချက်များအပစပါးစိုနဆိုင် ရာတာဝန်ရှိသူများက မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်ချက်များကိုဖြည့်စွတ်ဆွေးနွေးပေးခဲ့ပြီး စပါးစိုက်လယ်မြေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost





No comments:
Post a Comment