MNP ၊ ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရန်အတွက်မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးဝင်းထွဋ်က စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ထဲမှပါသည့် အမိတက္ကသိုလ်က ပေးသောလက်ဆောင် ခေါင်းစဥ်ထဲမှ မြန်မာမှုနယ်ပယ်တွင် ဗလ ငါးတန် ဟူသောသဘောတရားကို အလေးအနက်ထားခံယူကြ၍ ဘဝခရီးတွင် ဘောဂဗလခေါ် နောက်ဆုံးအင်အား ပြည့်စုံရေးအတွက် အမိတက္ကသိုလ်ကပေးသော လက်ဆောင်များကို ပေးသလောက်ယူနိုင်စွမ်းရှိအောင် အားထုတ်နိုင်ကြပါစေ ကြောင်းပြောကြားပြီး (Youth Club) အဖွဲ့ဝင် ကိုအောင်ဖြိုးက ပညာတတ်ဖို့ စာဖတ်ရမည် ခေါင်းစဥ်ဖြင့် ဒီနေ့လူငယ်တွေအတွက် စာဖတ်နည်းရသည့်အကြောင်းကို ရည်ညွှန်း၍ စာများများ ဖတ်ဖို့အကြောင်းကို ပညာပေးရေးသား ထားသောအကြောင်းပြောကြားကာ (Women Club)အဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေးက လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများခေါင်းစဥ်ပါထဲမှ လူငယ်များ၏ အကျိုးအတွက် လူကြီးများက သစ်ပင် စိက်သော အဘိုးအိုလို ကိုယ်ကျိုးမငဲ့သော စေတနာဖြင့် အနာဂတ်စီမံချက်များ အုတ်မြစ်ချပေးပြီး အကောင်အထည်ဖော်ဖို့လိုပါလိမ့်မည်ဟု လည်းကောင်း၊ ပြောကြားပြီး တက်ရောက်လာသော စာပေဝါသနာရှင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဗဟုသုတရဖွယ် သုတ၊ ရသ စာအုပ်များအား ခင်းကျင်းပြသထားရာ တက်ရောက်လာသော စာပေဝါသနာရှင်များက ဖတ်ရှုလေ့လာခဲ့ကြကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment