မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် မင်းလှမြို့၌ မြို့ရေပေးရေး လုပ်ငန်းဂါလန်(၁၅၀၀၀၀)ဆံ့ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်း နှင့်ပန်းခြံ သစ်တည် ဆောက်ခြင်းအတွက် အုတ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများအားကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် မင်းလှမြို့၌ မြို့ရေပေးရေး လုပ်ငန်းဂါလန်(၁၅၀၀၀၀)ဆံ့ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်း နှင့်ပန်းခြံ သစ်တည် ဆောက်ခြင်းအတွက် အုတ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများအားကြည့်ရှုစစ်ဆေး

 



MNP ၊   ဇူလိုင် ၄

မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်၊ တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့၊ တိုင်း‌ဒေသကြီးဦးစီးမှူး ဦးထင်‌အောင်တို့သည် ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က မင်းလှမြို့သို့ ရောက်ရှိပြီး  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်တိုင်း ဒေသကြီးရန်ပုံငွေဖြင့် ဂါလန်(၁၅၀၀၀၀)ဆံ့ရေစုကန် တည်ဆောက် နေမှုနှင့် ပန်းခြံသစ်တည်ဆောက်ခြင်းအတွက် အုတ်ခြံစည်း ရိုးကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးဦးစီးမှူးတို့က မင်းလှမြို့နယ်ရွာတော် ကျေးရွာအုပ်စုရှိ၊ မြို့ရေပေးရေးဝန်းအတွင်း၌မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်တိုင်းဒေသကြီး၊ ရန်ပုံငွေဖြင့်ဂါလန်(၁၅၀၀၀၀)ဆံ့ ရေစုကန်တည် ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့အမှု ဆောင်အရာရှိဒေါ်နွယ်နွယ်အေးနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းတို့ကမြို့ရေပေးရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရေစုကန် တည်ဆောက်နေမှုအခြေ အနေများကိုရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်စီးပွားရေးရာဝန်ကြီးမှ မြို့ရေပေးရေးလုပ်ငန်းများ ၊ရေစု ကန် တည်ဆောက်နေမှု လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များအားလမ်းညွှန်မှာကြား ခဲ့သည်။


ဆက်လက်၍ စီးပွားရေးရာဝန်ကြီးနှင့် တိုင်း‌ဒေသကြီး ဦးစီးမှူးတို့သည် မင်းလှမြို့ မြောက်ရပ်ကွက်ရှိ “ထ”ကန်ဘေးမြေနေရာတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ပန်းခြံသစ် တည်ဆောက်မည့်မြေနေရာအတွက် အုတ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြခဲ့သည်။ ယင်းနောက်ဝန်ကြီးနှင့်အဖွဲ့သည်”ထ” ကန်သာယာလှပရေးအတွက် ”ထ”ကန်ပတ် လည်အုတ်စီပလက်‌ဖောင်း ဆောင်ရွက်မည့်နေရာအား လှည့်လည် ကြည့်ရှုစစ် ဆေးခဲ့ပြီး စီးပွားရေးရာဝန်ကြီးနှင့်တိုင်းဒေသကြီး ဦးစီးမှူးတို့မှမြို့ပြ သာယာလှပရေးနှင့်ပိုမို ကောင်းမွန် စေရန်လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ မင်းလှမြို့နယ်တွင် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်ရှိပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန်အတွက်ဂါလန် (၁၅၀၀၀၀) ဆံ့ရေစုကန်ဆောက် လုပ်ခြင်းလုပ်ငန်း (၇၆’×၅၂’×၈’)အားတည်ဆောက်ပြီးစီးပါက လူဦးရေ(၁၄၅၁၅)ဦး အား သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရ သည်။   


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)