ဥပဒေ(စည်းကမ်း)မည်သည် နိုင်ငံတော်၏ အသက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေ(စည်းကမ်း)မည်သည် နိုင်ငံတော်၏ အသက်


ရဟန်းကျင့်ဝတ် (၆)ပါး

ဆောင် - မကောင်းမြစ်တား၊ ကောင်းရာညွှတ်လတ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု ခြောက်ခုလွန်သေချာ။ 


မကောင်းမြစ်တား = တိုင်းတပါးမှ မြန်မာနိုင်ငံသို့ မြန်မာဘာသာ၊ မြန်မာစကားဖြင့် သတင်းလွှင့်သော BBC, VOA, RFA, Mizzima, DVB စသော သတင်းဌာနတို့သည် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံ၏ ကောင်းကျိုး၊ အကျိုးစီးပွားတိုးတက်ခြင်းကို မလိုလားကြသည်ဖြစ်၍ သတင်းအများတို့ဖြင့်လည်းကောင်း၊ မပြည့်စုံသောသတင်းတို့ဖြင့်လည်းကောင်း၊ လွန်ခဲ့ပြီးသော ဖြစ်စဉ်ဖြစ်ရပ်များ ယခုအခြေအနေနှင့် မသက်ဆိုင်တော့သော သတင်းတို့ဖြင့်လည်းကောင်း၊ မဖြစ်သေးသော ဖြစ်နိုင်ခြေမရှိသော မျှော်လင့်ချက်ပေး မက်လုံးပေး သတင်းတို့ဖြင့်လည်းကောင်း ပြည်သူနှင့် တပ်မတော်၊ ပြည်သူနှင့် အစိုးရ၊ သံဃာနှင့် ပြည်သူ၊ သံဃာနှင့် အစိုးရ ကို သွေးခွဲခဲ့ကြသည်။ သွေးခွဲနေကြသည်။ ရန်တိုက်ပေးခဲ့ကြသည်။ ရန်တိုက်နေကြသည်။ 

သို့အတွက်ကြောင့် ထိုသတင်းတို့ကို ကြည့်ရှု၊ နားထောင်၊ ဖတ်ရှုကြပြီး နားမယောင်ကြပါနှင့်။ အကောင်း အဆိုး၊ အကြောင်း အကျိုး၊ အမှား အမှန်တို့ကို ခွဲခြားဝေဖန်နိုင်သော ကိုယ်ပိုင်ဉာဏ်မရှိလျှင် မကြည့်ရှုပါနှင့်၊ နားမထောင်ပါနှင့်၊ မဖတ်ရှုနှင့်ဟု သတိပေးချင်သည်။ 


ကောင်းရာညွှန်လတ် = မြန်မာနိုင်ငံပိုင် သတင်းဌာနနှင့် မြန်မာနိုင်ငံကိုယ်စားပြု ပုဂ္ဂလိကပိုင် သတင်းဌာနတို့မှ ထုတ်လွှင့်သော သတင်းတို့ကို ကြည့်ရှု၊ နားထောင်၊ ဖတ်ရှုကြပါ။ မိမိတို့အတွက် များစွာအကျိုးကျေးဇူး ဖြစ်ပါလိမ့်မည်။ စီးပွားရေး၊ ကြီးပွားရေး၊ အခွင့်အလမ်းတွေ များစွာ ရပါလိမ့်မည်။ အထင်မှား အမြင်မှားတွေလည်း ပျောက်ကွယ်သွားပါလိမ့်မည်။ 

နိုင်ငံတော်၏ ကြေညာချက်၊ မူဝါဒ၊ ဥပဒေတို့ကို သိရ၍လည်း လိုက်နာဆောင်ရွက်နိုင်ပြီး များစွာ အကျိုးကျေးဇူးများပါလိမ့်မည်။

မြန်မာနိုင်ငံပိုင် သတင်းဌာနနှင့် မြန်မာနိုင်ငံ ကိုယ်စားပြု ပုဂ္ဂလိက သတင်းဌာနတို့သည်သာလျှင် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံ၏ ကောင်းကျိုး အကျိုးစီးပွား တိုးတက်ကြီးပွားခြင်းကို လိုလားသော သတင်းဌာနများ ဖြစ်ကြသည်။ ကောင်းကျိုးကို လိုလားပြီး ရွက်ဆောင်ကြသည်။


ဝိနည်းမည်သည် သာသနာတော်၏ အသက်။ 

ဝိနည်း(ပရိယတ်၊ ပဋိပတ်) တည်မှ သာသနာတည်မည်။

အနာဂတ်သာသနာကို သိက္ခာလိုလားပြီး အရှက်၊ အကြောက် ကြီးသော (လဇ္ဇီ) ပုဂ္ဂိုလ်တို့ စောင့်ရှောက်လိမ့်မည်။ 


ဥပဒေ(စည်းကမ်း)မည်သည် နိုင်ငံတော်၏ အသက်။

ဥပဒေ(စည်းကမ်း) သိရှိနားလည်ပြီး ကျင့်သုံးလိုက်နာမှ(ဝါ) တည်မှ နိုင်ငံတော် တည်မည်။ 

အနာဂတ်နိုင်ငံတော်တွင် ဗုဒ္ဓဘာသာ သာသနာ မြန်မာနိုင်ငံ၏ ကောင်းကျိုးကို လိုလားပြီး ဥပဒေ(စည်းကမ်း)ကို သိရှိနားလည် ကျင့်သုံးလိုက်နာသော ပုဂ္ဂိုလ်တို့ စောင့်ရှောက်လိမ့်မည်။ ကြီးပွားစေလိမ့်မည်။


အရှင်ဥတ္တမ (ခင်ဦး - ရွာသာ)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)