MNP ၊ ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ ကျောက်မြောင်းမြို့တွင်း ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် မိုးရာသီ ရောက်ရှိလာသဖြင့် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရေး ပိုးလောက်လန်း သေဆေး(အဘိတ်)ခတ်ခြင်းကို နံနက်(၀၉:၀၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မြောင်းမြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)မြို့စည်ပင်သာယာရေးအဖွဲ့ ရုံးတွင်းရှိ ရေဂါလံ(၁၀၀၀၀)ဆံ့ အုတ်ရေကန်(၁)ကန်၊ ရေဂါလံ(၁၅၀၀၀)ဆံ့ အုတ်ရေကန်(၁)ကန်နှင့် အမှတ် (၄)ရပ်ကွက်အတွင်းရှိ ရေဂါလံ(၁၅၀၀၀)ဆံ့ အုတ်ရေကန်(၃)ကန်တို့အား မိုးရာသီတွင် ဖြစ်ပွားတက်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်စေရန် ရည်ရွယ်၍ ပိုးလောက်လန်းသေဆေး (အဘိတ်)ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ကျောက်မြောင်းမြို့ နွယ်ငြိမ်းကျေးလက် ကျန်းမာရေးဌာနခွဲ ဒေါ်ခင်ဆွေမြင့် (သားဖွားဆရာမ)မှ ယခုလို ဆေးခတ်ခြင်းဖြင့် ကလေးသူငယ်များတွင် ဖြစ်တက်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပြတ်ဝမ်းလျှောရောဂါများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ယခုလိုဆောင်ရွက်ရာတွင် ကျောက်မြောင်းမြိူ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးနေဇော်ဌေး၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန့်သူအောင်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဒေါ်ခင်ဆွေမြင့် (သားဖွားဆရာမ)နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment