သာယာဝတီမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါး ၅၄၇၁၇ ဧက စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါး ၅၄၇၁၇ ဧက စိုက်ပျိုးပြီးစီး



MNP ၊ ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးအား ၅၄၇၁၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် လျာထားစိုက်ဧက ပြည့်မှီကျော်လွန်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သာယာဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စိုက်ဧကပြည့်မှီကျော်လွန်ရေးနှင့် စပါးအထွက်နှုန်းတိုးတက်ကောင်းမွန်ရေးအတွက် မျိုးစပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်များကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိရာ တစ်မြို့နယ်လုံးအနေဖြင့် ၂၀၂၃ ခုနှစ်မိုးစပါး လျာထား စိုက်ဧက(၅၇၀၇၇)တွင် (၅၄၇၁၇)ဧက စိုက်ပျိုးပြီးစီးကြောင်းနှင့် ရတနာတိုး၊ DW-11၊ ရက်(၉၀)၊ ဆင်းသုခ၊ ထိုင်းနှံကောက်နှင့် မှော်ဘီ-၃ စပါးမျိုးများကို တောင်သူများအနေဖြင့် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ စိုက်ညှိအဖွဲ့များမှ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သန့်ဇော် 

https://t.me/MyanmarNationalPost




No comments:

Post a Comment