အရာတော်မြို့နယ်၊ မလဲသာကျေးရွာ၌ PDF အကြမ်းဖက်သမားများ၏ လက်နက်/ခဲယမ်းများ သိမ်းဆည်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်မြို့နယ်၊ မလဲသာကျေးရွာ၌ PDF အကြမ်းဖက်သမားများ၏ လက်နက်/ခဲယမ်းများ သိမ်းဆည်းရရှိ


MNP ၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြိုနယ်၊ မလဲသာကျေးရွာအနီး လုံခြုံရေးအဖွဲဝင်များမှ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး ဆောင်ရွက်နေစဉ် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ကျေးရွာအတွင်း၌ PDF ပဒက်များမှ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် သိုဝှက်သိမ်း ဆည်းထားသော လက်နက်/ခဲယမ်းများရှိကြောင်း သိရှိရ၍ ယမန်နေ့ နေ့လည် ၂နာရီခန့်တွင် လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

မလဲသားကျေးရွာအတွင်း လူမနေသည့် နေအိမ် ၁ လုံးအတွင်းမှ လက်လုပ်သေနတ်အတို ၁ လက်၊ လက်လုပ် Drop Bomb  ၇ လုံး၊ ပွိင့်-၂၂ ကျည် ၅ တောင့်၊ ၉၁ လက်ပစ်ဗုံး ၂ လုံး၊ တရုတ်ထုတ်လက်ပစ်ဗုံး ၃ လုံး၊ ဒီတိုနေတာ ၄၀ ချောင်းတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)