MNP ၊ ဇူလိုင် ၃၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က နိုင်ငံခြားပို့ ကုန်အမယ်သစ်များ ပေးပို့နိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုလျော့နည်း ပပျောက်ရေး၊ အခွန်ဝင်ငွေ ရရှိရေး၊ ဒေသတစ်ခုထုတ်ကုန်တစ်မျိုးထုတ်လုပ်နိုင်ရေး၊ လက်မှုလုပ်ငန်းနှင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ တိုးချဲ့နိုင်ရေး၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ ဒေသတွင်းပိုလျှံသောအသား များအား အေးခဲအသားပြုလုပ်၍ အခြားနိုင်ငံများသို့ တင်ပို့နိုင်ရေး၊ ဖွဲ့စည်းထားသည့် ကော်မတီများ ပုံမှန်အစည်းအဝေးပြုလုပ်ရေးနှင့် မြေယာပြဿနာများ သေချာစွာစိစစ်၍ အမြန်ဆုံး ဖြေရှင်းပေးနိုင်ရေးတို့နှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းလျာထားချက်များ ပြည့်မီရေးအကောင်အထည်ဖော် ဆောင်ရွက် နေမှုတို့နှင့်ပတ်သက်၍ တင်ပြဆွေးနွေးရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment