ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ဆောင်ရွက်လျက်ရှိသည့် မြေသားရေကန် တူးဖော်ပြုပြင်ခြင်းလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ဆောင်ရွက်လျက်ရှိသည့် မြေသားရေကန် တူးဖော်ပြုပြင်ခြင်းလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


MNP ၊ ဇူလိုင် ၂၄      

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ဆောင်ရွက်လျက်ရှိသည့် မြေသားရေကန် တူးဖော်ပြုပြင်ခြင်းလုပ်ငန်းများအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေ ကျပ် ၉.၁ သန်းဖြင့် ပဲနံသာကျေးရွာအုပ်စု သပြေရိုးကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူပြီး အလျား ပေ ၁၈၀ ၊ အနံ ပေ ၁၀၀၊ အနက် ၄ပေရှိ မြေသားရေကန်တူးဖော်ပြုပြင်ခြင်း လုပ်ငန်းနှင့် တုံကင်(၄)စုံ တပ်ဆင်ခြင်း လုပ်ငန်းများကို ဇွန်လ ၂၆ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၂၉.၁၆ သန်းဖြင့် ဘုရားဖြူကျေးရွာအုပ်စု  ဘုရားဖြူကျေးရွာတွင် အလျား ပေ ၄၀၀ ၊ အနံ ပေ ၂၀၀ ၊ အနက် ၃ပေရှိ မြေသား ရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းနှင့် လှေကားတပ်ဆင်ခြင်းလုပ်ငန်းများကို ဇူလိုင်လ ၇ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကျေးလက်ရေ ရရှိရေး လုပ်ငန်းများကို ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)