Pages

Pages

ပေါင်မြို့၌ စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်





MNP ၊ ဇူလိုင် ၁၄

စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မွန်ပြည်နယ် ပေါင်မြို့နယ် မြို့မစျေးကြီးနှင့် နတ်ကြီးချောင် ဈေးတို့တွင် ရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက လိုက်လံဆောင်ရွက်သည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးနေဇင်သက် နှင့်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌ရေး အဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ စျေးအတွင်းရှိ ရောင်းချနေသည့် ဆိုင်များ၌ စားသုံးဆီအမျိုးမျိုးတို့ကို ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော် ပြရမည့်အချက်များ ပါဝင်မှု ရှိ/မရှိစသည်တို့ကို စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ လိုက်လံစစ်ဆေးခဲ့ကြသည်။


စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment