MNP ၊ ဇူလိုင် ၁၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မုတ္တမနယ်မြေရဲစခန်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ( အထက ) မုတ္တမ ကျောင်း၌ ဟောပြော ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး က အမှာစကားပြောကြားပြီး မုတ္တမနယ်မြေရဲစခန်းမှ ရဲအုပ်ရဲစိုးက ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကြရေးနှင့်ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတ တိုးပွားရေးအတွက် ပြင်ပ စာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်းများ ဖြစ်လာနိုင်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မုတ္တမနယ်မြေရဲစခန်းမှ ဒုရဲအုပ်ထွန်းဦး က လူကုန်ကူးမှုသည် ခေတ်သစ်ကျေးကျွန်စနစ်အသွင်ဖြင့် ပြန်လည်ပေါ်ပေါက်လာသည့်အတွက် ကျောင်းသား၊ကျောင်းသူများ မိမိကိုယ်ကို ကာကွယ်နေထိုင်ကြရန် ၊လူကုန်ကူးမှုခံရသူ၏ အဆိုးရွားဆုံးပုံစံမျာနေ ဆောင်ရန်၊ရှောင်ရန်အချက်များကို ကျောင်းသား/ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန်ဟောပြောခဲ့သည်။
ပေါင်မြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်စောင့်ရှောက်ပေးသည့် အပြင် ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် နှင့်လူကုန်ကူးမှုမှပပျောက်စေရန် အသိပညာပေးလုပ်ငန်းများကို အခါအားလျော်စွာပြုလုပ်လျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment