Pages

Pages

စစ်တွေမြို့နယ်၊ အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း ၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ





MNP ၊ ဇူလိုင် ၁၄

  ရခိုင်ပြည်နယ်၊စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသောလူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျောင်းသား၊ကျောင်းသူလူငယ်များ လူအများရှေ့တွင် ဆွေးနွေးတတ်သည့်အလေ့အကျင့်များရရှိစေရန်၊ အသိပညာဗဟုသုတများ ပြည့်ဝပြီး လက်ဆင့်ကမ်းမျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဗလငါးတန်ပြည့်ဝစေရန်ရည်ရွယ်၍ အမှတ်၄အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်၁၀၃၀ချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦီးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန် ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက် ကိုပြောကြားခဲ့သည်။


အဆိုပါလူငယ်စကားဝိုင်းတွင် Moderatorအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေါ်ခင်ယုယုနွယ်က​​ ဆောင်ရွက်ပြီး  Grade (11) ကျောင်းသား၊ကျောင်းသူ(၃)ဦးနှင့်Grade9​ကျောင်းသူ(၁)ဦးတို့ကလူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်အသီးသီးဆွေးနွေးခဲ့ကြရာဆွေးနွေးသည့်ကျောင်းသားကျောင်းသူများအား ဒေါ်ခင်ယုယုနွယ်ကအမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။


အဆိုပါစကားဝိုင်းသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှဝန်ထမ်းများ၊ခရိုင်ပညာ​ရေးမှူးနှင့်အမှတ်(၄) အခြေခံပညာအထက် တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူ(၈၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသသည့် ၇၆ နှစ်မြောက်အာဇာနည်နေ့အကြိုအသိပညာပေးခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များအား တက်ရောက်လာသည့်ကျောင်းသားကျောင်းသူများကစိတ်ဝင်စားစွာကြည့်ရှုခဲ့ကြကြောင်းသတင်းရရှိသည်။


    ဇူလိုင်ကြယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment