ဒုတိယဝန်ကြီးဦးအေးကျော်မင်းပြားမြို့နှင့် မြောက်ဦးမြို့လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးဦးအေးကျော်မင်းပြားမြို့နှင့် မြောက်ဦးမြို့လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ





MNP ၊ ဇူလိုင် ၁၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းတွင် မင်းပြားမြို့သို့ရောက်ရှိပြီး မင်းပြားမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ငွေကောက် ကောင်တာတွင် မီးသုံးသူပြည်သူများက လျှပ်စစ်ဓာတ်အားခ လာရောက်ပေးဆောင်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ ညနေပိုင်းတွင် မြောက်ဦးမြို့ သို့ရောက်ရှိရာ မြောက်ဦးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။


မင်းပြားမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး ဝန်ထမ်းများ နှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယခုကဲ့သို့ မုန်တိုင်းအလွန်ကာလတွင် ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်ပေးကြသည့် ဝန်ထမ်းများကို အထူးကျေးဇူးတင် ဂုဏ်ပြုပါကြောင်း၊ မိမိတို့ ဝန်ထမ်းများအနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝကောက်ခံရရှိရေး၊ စာရင်းတင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်မှ အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်ရေးနှင့် ဓာတ်အားပြတ်တောက်မှုနည်းပါးစေရေး ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်၊ ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အား လွှတ်ပစ္စည်းများ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် အခြား လိုအပ်သည်များမှာကြားခဲ့ပြီး မီးသုံးသူပြည်သူများက ငွေကောက်ကောင်တာတွင် ဓာတ်အားခ လာရောက်ပေးဆောင်နေမှုကို ကြည့်ရှု စစ်ဆေးသည်။


ညနေပိုင်းတွင် မြောက်ဦးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဓာတ်အားခွဲရုံတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယခုအခါ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲ ရုံနှင့်ဆက်စပ်ပစ္စည်းများ ပျက်စီးသွားခဲ့သည့် မြို့နယ် (၁၀) မြို့နယ်အား ဓာတ်အားစနစ်မှဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်ကျေးရွာများ အမြန်ဆုံး ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် အင်တိုက်အားတိုက် ပူးပေါင်း ဆောင်ရွက် ပေးကြရန်၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းရှင်းလင်းခြင်း၊ စာရင်းပြုစုထိန်းသိမ်းခြင်းများ ဆက်လက်လုပ်ဆောင်သွားရန်၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ လစဉ်မီတာများ မှန်ကန်စွာပုံမှန်ဖတ်ရှုစေရေးနှင့် ဓာတ်အားခများ ပုံမှန်ကောက်ခံရရှိရေး အထူးအလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ရုံးများ၌ စာရွက်စာတမ်းလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ ပြည်သူများအားကိုးသည့် လျှပ်စစ်ဝန်ထမ်း ဖြစ်စေရေး၊ ဝန်ထမ်းများ မိသားစုသဖွယ် စည်းလုံးညီညွှတ်စွာ နေထိုင်သွားကြရန်နှင့် အခြားလိုအပ် သည်များမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)