ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် တာဝန်ရှိသူများသည် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် တာဝန်ရှိသူများသည် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး





MNP ၊ ဇူလိုင် ၂၂

  ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင် တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးဦးစီးဌာန  နှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍  မိုးရာသီ ကာ လ အတွင်း ဖြစ်ပွား တတ်သည့် သွေးလွန်တုပ်ကွေး နှင့် ခြင်ကိုက်ခံရခြင်း ကြောင့်ဖြစ်ပွား တတ် သည့် အခြား ရောဂါများ မဖြစ် ပေါ်စေရန် အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ယနေ့ နံနက် ၉နာရီအချိန် မြို့မအနောက်ရပ်ကွက် အတွင်းရှိ နေအိမ်များတွင် ဖုံးသွန် လဲ စစ် လုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။ 


ရှေးဦးစွာ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် တာဝန်ရှိသူများသည်မိုးရာသီ ကာလအတွင်း ဖြစ်ပွား တတ်သည့် သွေးလွန်တုပ်ကွေး နှင့် ခြင် ကိုက်ခံ ရခြင်း ကြောင့်ဖြစ်ပွား တတ် သည့် အခြား ရောဂါများ မဖြစ် ပေါ်စေရန် အတွက် ကြိုတင်ကာကွယ်ရေး အနေ ဖြင့် မြို့နယ်ကုသရေးဦးစီဌာနမှူး ဦးဆောင်၍ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး လုပ်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေး စောင့် ရှောက် ရေး အသင်း ၊ စည်ပင်သာယာရေးအဖွဲ့၊ ကြက် ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မအနောက်ရပ်ကွက် အတွင်းရှိ နေအိမ် များ တွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ပေးခြင်း၊ ဘုရားညောင်ရေအိုးများအား စစ်ဆေးခြင်း ၊ ခြင်ခို အောင်း ပေါက်ပွား နိုင်သော ရေ လှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များ ထဲသို့ ပိုးလောက် လန်းသေ အဘိတ် ဆေးများခပ်ပေးခြင်း ၊ မလှဲမ သွန်နိုင်သော နေရာများကို အဘိတ်ဆေးများ ခပ်ပေးဆောင်ရွက်နေမှုများ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အား ပေး ပြီး လိုအပ်သည်များ အား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 


သက်လွင်စိုး၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)