MNP ၊ ဇူလိုင် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဟိုတယ်များတွင် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအဆင့် အတန်းမီစေရေး၊ ခရီးသွားဧည့်သည်များအပေါ် ကောင်းမွန်သော ခရီးသွားဝန်ဆောင်မှုများပေးနိုင်ရေးတို့အတွက် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်းကိုဖွင့်လှစ်ပေးလျက်ရှိရာ ဘာသာရပ် (၃)မျိုးကို သင်ကြားပေးလျက်ရှိနေကြောင်း သိရသည်။
ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်းကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လားရှိုး ရုံးခွဲတွင် ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းတွင် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ဝန် ဆောင်မှုသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ(ဝန်ဆောင်မှု)သင်တန်းဟူ၍ သင်တန်းသုံးမျိုးဖွင့် လှစ် သင်ကြား ပေးလျက်ရှိကြောင်း သင်တန်းကာလမှာ ဇူလိုင်လ ၂၄ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့ထိ ရက်သတ္တပတ် လေးပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်းမြို့ များမှ ဟိုတယ်ဆိုင်ရာဝန်ထမ်း(၁၂၅)ဦး တက်ရောက်လျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment