အင်္ဂပူမြို့ မြို့မဈေး၌ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့ မြို့မဈေး၌ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး





MNP ၊   ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးနှင့် အဟာရပြည့်ဝ‌သော အစားအစာများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့နံနက် ၇ နာရီအချိန်ခန့်က အခွန်လွတ်‌ဈေးနှင့်မြို့မဈေး‌တို့၌ ရောင်းချပေးခဲ့သည်။


အဆိုပါ‌ ဈေးရောင်းချနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အခွန်လွတ်‌ဈေးနှင့် မြို့မဈေးတို့၌ ပြည်သူများ အဟာရပြည့်ဝသောအစားအစာများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်‌ရေးအတွက် ကြက်ဥတစ်လုံးလျှင်(၂၃၀)ကျပ်နှုန်းဖြင့် (၂၀၀)လုံး၊ ဝက်သားတစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်နှုန်းဖြင့်(၃၂)ပိဿာ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၅၅၀၀)ကျပ်နှုန်းဖြင့် (၃၀)ပိဿာ၊ အမဲသားတစ်ပိဿာ (၁၃၀၀၀)နှုန်းဖြင့် (၃၅)ပိဿာတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး‌နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


မန်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)