Pages

Pages

ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ




MNP ၊ ဇူလိုင် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ထားဝယ်တက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှဦးဆောင်၍စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်း က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊အရေးပေါ်နှင့်ပြင်ပလူနာဌာနအပေါ်ထပ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။


စုပေါင်းသွေးလှူဒါန်းရာတွင်ထားဝယ်တက္ကသိုလ်ဘာသာရပ်အသီးသီးမှကျောင်းသား/သူများ တို့က ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြသည့် ဝေဒနာရှင် များမှ သွေးလိုအပ်သည့်အခါ အဆင်ပြေစွာဖြင့် သွေးသွင်းကုသနိုင်ရန်အတွက် သွေးလှူဘဏ်သို့ စုပေါင်းလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးသန့်ဇင်၊ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦး၊ ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာဆွေဆွေအောင်၊ သွေးလှူဘဏ်တာဝန်ခံဒေါက်တာစန်းစန်းဝင်း နှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းကြသူများအား အာဟာရဖြည့်စားသောက် ဖွယ်ရာ နှင့် လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်းသတင်း ရရှိသည်။


#MyanmarNationalPost


No comments:

Post a Comment