MNP ၊ ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ကျေးရွာတောင်သူများကို ၂၀၂၃ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေး ပေးလျှက်ရှိကြောင်းသိရသည်။
အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးရာနှင့်ပတ်သက်၍ စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးအောင်ဆန်းထွန်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် တောင်သူ လယ်သမားများသို့ စိုက်ပျိုးစရိတ် အရင်းအနှီးများ ရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေးပေးလျက်ရှိပြီး တောင်သူလယ်သမားများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများအချိန်မီပြန်လည် ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့်တောင်သူများအကြား နှစ်ဦးနှစ်ဖက် အပြန်အလှန် တာဝန်ကျေပွန်စွာ ဆောင်ရွက်လျက်ရှိကြောင်း၂၀၂၃ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သိန္နီကုန်းကျေးရွာ၊ မြို့မရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ သည်တည်းကျေးရွာ၊ မြောင်းဆုံကြီးကျေးရွာ၊ တရုတ်စု ရပ်ကွက်၊ မုန့်ပေါင်းကျေးရွာ၊ တောမကျေးရွာ၊ တောင်ရင်းကျေးရွာ၊ ရှမ်းကန်ကျေးရွာ တောင်သူများကို နိုင်ငံတော်မှ သက်သာသော အတိုးနှုန်းများဖြင့် ပဲအမျိုးမျိုး၊ နှမ်း၊ ကုလားပဲ၊ ကြက်သွန်နီ ၊ ဝါစသည့် သီးနှံများ အတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျှက်ရှိကြောင်း "ပြောကြားခဲ့သည်။
စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ကျေးရွာ(၁၀)အုပ်စုမှတောင်သူ(၃၈၃)ဦး တို့ကို ငွေကျပ်(၂၅၈၆၀၀၀ဝိ/)သိန်းအား ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ချေးငွေများဆက်လက် ထုတ်ချေးပေးနိုင်ရေးဆောင်ရွက်လျှက် ရှိကြောင်း သိရ သည်။
#MyanmarNationalPost
No comments:
Post a Comment