Pages

Pages

ရေစကြိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စာသင်ကျောင်းအား PDF အကြမ်းဖက်သမားများက အသံမိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲ



MNP ၊ ဇူလိုင် ၁၁ 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပန်းတော်ပြင်ရပ်ရှိ စာသင်ကျောင်းတွင် အေးချမ်းစွာ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ ထိတ်လန့်ကြောက်ရွံပြီး ပညာဆက်လက်သင်ကြား ခြင်းမရှိစေရန်ရည်ရွယ်၍  ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် PDF ပဒက်များမှ ကောက်ကျစ်ယုတ်မာစွာ အသံမိုင်းဖြင့် လာရောက်ပစ်ပေါက်ခဲ့ရာ စာသင်ကျောင်းအဝင်/အထွက်တံခါးအနီး၌ ကျရောက် ပေါက်ကွဲခဲ့ပြီး ကျောင်းသား/ကျောင်းသူနှင့် ဆရာ/ဆရာမများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ခွေးဝဲစား PDF အကြမ်းဖက်သမားများသည် စာသင်ကျောင်းများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment