မုံရွာမြို့ ၌ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့ ၌ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ






MNP ၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မုံရွာမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီး အာရုံခံတိုက်အတွင်း၌ ကျင်းပရာ မုံရွာမြို့ ဇောင်ကြမ်းပင်ကျောင်းတိုက် ရန်ကင်းကျောင်းတိုက် တို့မှ ပဓာန နာယက ဆရာတော်ကြီးများအမှူးပြုသော ပင့်သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်တော်မူကြသော ဆရာတော်ကြီးများနှင့် အတူ တက်‌ရောက်လာကြသူများက  နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး မဟာဇောတိကရာမကျောင်းတိုက်မှ ဦးဗာကုလ က  ရောင်ခြည်တော်ဂါထာ ဖြင့် ဘုရားပင့် တော်မူပြီးနောက် မဟာဇောတိကရာမကျောင်းတိုက်မှ ဦးအာလောက က ပဋ္ဌာန်းတရားတော်နားကြားရန် နတ်ဗြဟ္မာများကို ဖိတ်ကြားခြင်းတို့အား နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် မုံရွာမြို့ ဇောင်ကြမ်းပင်ကျောင်းတိုက် ပဓာန နာယက နိုင်ငံတော်သံဃမဟာနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရသိရီ ထံမှဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး  ဆရာတော် သံဃာအရှင်သူမြတ်တို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။

ယင်းနောက် မုံရွာမြို့ ရန်ကင်းကျောင်းတိုက် ပဓာန နယက ဒွိပိဋကဓရ ဒွိပိဋကကောဝိဒ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ထံမှ အနုမောဒနာတရား နာယူတော်မူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ဆက်လက်ပြီး မဟာဇောတိကရာမကျောင်းတိုက် ဦးဉာဏစာရ က ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာကို ဖတ်ကြားပြီး ဆရာတော် သံဃာအရှင်သူမြတ်များနှင့်တကွ ပရိတ်သတ်အားလုံးတို့က ပဋ္ဌာန်း ၂၄  ပစ္စည်း ပစ္စယုဒ္ဒေသပါဠိတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အလှည့်ကျဆရာတော်များက အသံမစဲမဟာပဌာန်း စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲမှ ကြီးမှူးကျင်းပသော အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မုံရွာမြို့ပေါ်ရှိ ပင့်သံဃာတော်အရှင်သူမြတ်များက ဇူလိုင်လ ၁၁ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ ရက်သတ္တ တစ်ပတ်ကြာ ရွတ်ဖတ်ပူဇော်ပေးမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)