ကျိုက်မရောတွင် မွေးကင်းစမှ အသက် ၂ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောတွင် မွေးကင်းစမှ အသက် ၂ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်



MNP ၊   ဇူလိုင် ၃

မွန်ပြည်နယ်၊ ကျိုက်မရောတွင် မွေးကင်းစမှ  အသက် ၂ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင် များအားလစဥ်ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းကို ယမန်နေ့နံနက် ၉နာရီ မှ စတင်ကာရပ်ကွက်ကျန်းမာရေး ဆေးပေးခန်း၌ ဆောင်ရွက်ပေးလျက် ရှိသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံရာ၌ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၄)ခုရှိ ကျန်းမာရေး ဆေးခန်းများ၌ ထိုးနှံပေးပြီးကျေးရွာများရှိ ကလေးများ အားကျေးရွာရှိဆေးပေးခန်းများ၌ ထိုးနှံ ပေးလျက်ရှိရာ ပုံမှန်ကာကွယ်ဆေးဖြစ်သည့် ဆုံဆို့၊ ကြက်ညာ၊ ဦးနှောက်အမြှေးရောင်၊ အသည်းရောင် အသားဝါ(ဘီ)နှင့် ပိုလီယိုအကြောသေ၊ ဝက်သက်၊ဂျိုက်သိုးကာကွယ်ဆေးထိုးနှံ ပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောဖြစ်တတ်သော(Rota)ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်များအား မေးခိုင်၊ဆုံဆို့စသည့် ကာကွယ်ဆေးထိုးနှံခြင်းများအား ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်း မိခင်နှင့်ကလေး စောင့်ရှောက်ရေးကျန်းမာရေးဆေးခန်း(ကလိုင်းကနိုင်)မှ သားဖွားဆရာမ ဒေါ်နီနီအေးထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment