ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဌာနဆိုင်ရာများပူးပေါင်း၍ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဌာနဆိုင်ရာများပူးပေါင်း၍ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်






MNP ၊ ဇူလိုင် ၂၂

  ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့၊ နံနက်ပိုင်းက  ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက်  ပြန်လည် ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် စပါးထားကျေးရွာသို့ ကွင်းဆင်း၍  ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။


    ရှေးဦးစွာ အဆိုပါပူးပေါင်းအဖွဲ့သည် စပါးထားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးကျော်နု တို့က ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှု၊ မုန်တိုင်းဒဏ်ခံရသည့် တောင်သူများအား အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးများ ဖြန့်ဝေပေးနေမှုနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်


ချက်များနှင့် ကူညီကယ်ဆယ်ရေးအတွက် ထောက်ပံ့ပစ္စည်းများလက်ခံရရှိခြင်း ရှိ/မရှိနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။


   ဆက်လက်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွင်ပါဝင်ကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး၊ ကျေးရွာသူ၊ ကျေးရွာသားများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


 အဆိုပါဆွေးနွေးပွဲသို့ ဒေသခံပြည်သူ ၂၂၅ ဦးတက်ရောက်ခဲ့ကြပြီး၊ ခြင်ထောင်၊ စောင်ပါး၊သွားတိုက်ဆေး၊ သွားပွတ်တံများနှင့်ရွှေဝါဆပ်ပြာတောင့်များကို ထောက်ပံ့ပေးခဲ့ ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)