MNP ၊ ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တော ရပ်ကွက် ၊ ရန်ကုန်- ပြည်ကားလမ်းဘေး အောင်မင်းခေါင်စေတီရှေ့မှ တိလောကရုံလမ်းဆုံထိ ယနေ့နံနက်ပိုင်းကအထူး စုပေါင်းသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ရာသို့။ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူး ရဲမှူးနိုင်စိုးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ( သရက်တော၊ကြာနီကန်၊ယွန်းတန်း) ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၄၂၀) ဦးဖြင့် ပေါင်းမြက်များ၊ချုံနွယ်များ၊ အမှိုက်သရိုက်များ ဖယ်ရှား ရှင်းလင်းခြင်း၊ သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပြုလုပ်ခဲ့ပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဥ် သုံးစီးဖြင့် စည်ပင်သာယာအမှိုက်ကန်သို့ စနစ်တကျ စွန့်ပစ်ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment