MNP ၊ ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ ၁၇ ရက်နေ့ နေ့မွန်းလွဲ (၁)နာရီအချိန်က တံတားမြို့ အ.မ.က (မူလွန်)ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပွဲဟောပြောရခြင်း ရည်ရွယ်ချက်၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံး မမေ့သင့်သည့် အာဇာနည်ခေါင်းဆောင် (၉)ဦးတို့၏ အတ္ထုပ္ပတ္တိအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းအားလပ်ချိန် ပြင်ပဗဟုသုတရှာဖွေနိုင်ရန် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကိုလည်း လေ့လာဖတ် ရှုမှတ်သားနိုင်စေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်ပြပွဲဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ် စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment