အ.ထ.ကမိုင်းနောင်ကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် ဆုပေးပွဲ အခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ.ထ.ကမိုင်းနောင်ကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် ဆုပေးပွဲ အခမ်းအနား ပြုလုပ်


MNP ၊ ဇူလိုင် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ အခမ်းအနား တက်ရောက်လာကြသော ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကာ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဆွေးနွေးဟောပြောသူများက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ (၁၉)ဇူလိုင် မမေ့နိုင်၊ အာဇာနည်တိုင်း သမိုင်းမမေ့ ခေါင်းစဥ်များဖြင့် ဟောပြောခဲ့ပြီး စာစီစာကုံး၊ပန်းချီ၊ဆေးရောင်ခြယ်ပြိုင်ပွဲ ဆုရရှိသူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါ အာဇာနည်နေ့ ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်းအင်အား (၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


မနန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)