ဒဂုံမြို့နယ်တွင် သွေးလွန်တုပ်ကွေး​ရောဂါကာကွယ်​ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်တွင် သွေးလွန်တုပ်ကွေး​ရောဂါကာကွယ်​ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက်



MNP ၊ ဇူလိုင် ၂၅      

ရန်ကုန်တိုင်း​ဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်​၊ ဦးဝိစာရရပ်ကွက်ရှိ ဒဂုံရိပ်သာစျေးတွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်​ရေးအတွက် ကျန်း မာရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများအား မြေပြင်ကွင်းဆင်းလိုက်လံဆောင်ရွက်ခြင်း၊ Mask များပေးဝေခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ခွင့်မပြုဆိုးဆေး များပါဝင်သည့် အစားအစာရောင်းချခြင်းတို့မရှိစေရန် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့နယ်စည်ပင်သာယာအုပ်ချုပ်​ရေးမှုးရုံးမှ ဦးဆောင်၍ ဒဂုံမြို့နယ် ပြည်သူ့ ကျန်းမာ​ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်မှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ စျေးတာဝန်ခံနှင့် ဝန်ထမ်းများပူးပေါင်းကာ ဒဂုံရိပ်သာစျေးအတွင်း ခွင့်မပြုဆိုးဆေးနှင့်ပတ်သက်၍ စျေးရောင်းချသူနှင့် စျေးဝယ်သူများအား ကျယ်ပြန့် စွာသိရှိစေရေး အသိပညာပေးဗီနိုင်းများကပ်ခြင်း၊ ရေလှောင်ကန်များ၊ ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများနှင့် ခြင်များပေါက်ပွားနိုင်သောနေရာများကို လိုက်လံစစ်ဆေးခဲ့ခြင်းများ ​ဆောင်ရွက်ခဲ့ပြီး အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကိုလည်း ပူး​ပေါင်းဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။


ဒဂုံမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်များကို စနစ်တကျအသုံးပြုသွားကြရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်​ရန်အတွက် အသိပညာ​ပေး​ဆွေး​နွေး​ပေးခြင်း၊ လက်ကမ်းစာ​စောင်များ​ဝေငှ​ပေးခြင်း၊ ဗီနိုင်းများချိတ်ဆွဲခြင်းစသည့် ကျန်းမာ​ရေးနှင့်ပတ်သက်​သော အသိပညာပေးလုပ်ငန်းများကိုပါ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


ကြည်ဇေသော် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)