Pages

Pages

အိုနာနာကို ခေါ်ယူနိုင်တော့မယ့် မန်ယူ



MNP - ဇူလိုင်  ၈


မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းကထွက်ခွာသွားတဲ့ ဂန္ဓဝင်ဂိုးသမား ဒေးဗစ် ဒီဟေးယားရဲ့ နေရာကို အစားထိုးဖို့ အင်တာမီလန်အသင်းရဲ့ ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ အနီးစပ်အခြေအနေသို့ ရောက်ရှိနေဖြစ်ကြောင်း သိရသည်။


အဆိုပါ အသက် ၂၇နှစ်အရွယ် ကင်မ်မရွန်းသားနှင့် မန်ယူအသင်းတို့ဟာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိပြီး အင်တာမီလန်အသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ လိုချင်နေပြီး ယူရို၅၀သန်း+ အပိုဆုကြေး ၅သန်းဖြင့် နှစ်သင်းကြား သဘောတူညီမှုရရှိသွားနိုင်သည်။


မန်ယူအသင်းနည်းပြ အဲရစ်တန်ဂ်ဟတ်ဟာ အိုနာနာကို လိုချင်နေပြီး မန်ယူမှာ မဖြစ်မနေလိုအပ်နေတဲ့ မော်ဒန်ဂိုးသမားနေရာအတွက် အကောင်းဆုံးဖြစ်နိုင်မည်ဟု ယုံကြည်နေသည်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment