Pages

Pages

အဆိုတော် ဒေါ်လီလီနိုင်ကျော်အား ပစ်ခတ်သတ်ဖြတ်သည့် PDF အကြမ်းဖက်သမား ၂ဦး ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ


MNP ၊ ဇူလိုင် ၈

တေးသံရှင် ဒေါ်လီလီနိုင်ကျော် အား လုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိထားသူ(၂)ဦး ဇူလိုင် ၆ရက်ည၁၁နာရီတွင် ထွက်ပြေးရန် ကြိုးပမ်းသည့်အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

PDF အကြမ်းဖက်အဖွဲ့ဝင် ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရ တို့ကို သက်သေခံပစ္စည်းရှာဖွေဖို့ စစ်ကြောရေးမှ ခေါ်လာစဉ်  (၂၉)ရပ်ကွက်၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)၊ မောင်းမကန်လမ်းဘေး အနီး ရေမြောင်းတွင် သိုဝှက်ထားသောလက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေနေစဉ် အဆိုပါတရားခံ၂ဦးက တွန်းထိုးတိုက်ခိုက်ထွက် ပြေးခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကောင်းဇာနည်ဟိန်း(ခ)လပြည့်ဦး(ခ)ကောင်းကောင်း၊ ကျော်သူရ(ခ)အီးတီ တို့ ဒဏ်ရာအသီးသီးရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွား ခဲ့ကြောင်း သိရသည်။

အဆိုပါနေရာမှ PDF အကြမ်းဖက်သမားများ အသုံးပြုသည့် FGC-9သေနတ် ၁ လက်၊ ကျည်အိမ် ၁ခု၊ ၉မမကျည်၉တောင့်၊ တရုတ်လက်ပစ်ဗုံး၂လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment