MNP ၊ ဇူလိုင် ၁၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာနယ်မြေကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့ ညနေ ၂ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ရုံးခန်းမတွင် ပြုလုပ်ရာ မြို့နယ်ဌာနဆိုင်ရာများတက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက် က ရသေ့တောင်မြို့နယ်ရှိ မိုခါ ပြန်လည်ထူထောင်ရေးအတွက်ဆောင်ရွက်ပေးရန်၊ထောက်ပံပစ္စည်းများပြည်သူများလက်ဝယ်ရောက်ရှိခြင်းရှိ/မရှိနှင့် လိုအပ်သည်များစီစဥ်ဆောင်ရွက်ပေးရန် ပြန်လည်ထူထောင်ရေးဆိုင်ရာနယ်မြေကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ရာ ဌာနဆိုင်ရာများမှမိမိတို့သက်ဆိုင်ရာသတ်မှတ်ထားသညိ့အဖွဲ့များအလိုက် ဆောင်ရွက်ရမည်များကိုရှင်းလင်းပြောကြားသည်။
သက်ဆိုင်ရာအဖွဲ့များအလိုက်နယ်မြေကွင်းဆင်းစစ်ဆေးမည့်အဖွဲ့ခေါင်းဆောင်များက အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးနိုင်လင်းထက်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment