စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်


MNP ၊ ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ အောင်လှိုင် ရေးသားသည့် “လက်တွေ့အသုံးချ ခေါင်းဆောင်မှုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်၍ ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ခြင်းဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့် အသိအမြင်များ တိုးပွားလာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။


ထို့နောက် စာရေးဆရာ အောင်လှိုင် ရေးသားသည့် “လက်တွေ့အသုံးချ ခေါင်းဆောင်မှု ပညာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ Book Club အဖွဲ့ဝင် ဦးတင်မောင်မောင်က “လက်တွေ့အသုံးချ ခေါင်းဆောင်မှုပညာ” စာအုပ်တွင် ပါရှိသော “ခေါင်းဆောင်မှုတွင်ပါဝင်သည့် အရေးကြီးဆုံးသောဂုဏ်ရည် - ဂုဏ်သိက္ခာ” ခေါင်းစဉ်မှ ခေါင်းဆောင်တစ်ယောက်ဖြစ်လာမည့် လူတစ်ယောက်တွင် နောက်လိုက်သည် မရှိမဖြစ် ရှိရမည်ဖြစ်ကြောင်း၊ နောက်လိုက်ရရန် ခေါင်းဆောင်တွင် ယုံကြည်မှုရှိရန် လိုကြောင်း၊ ခေါင်းဆောင်၏ထိပ်တန်းအရည်အသွေးထဲတွင် ဂုဏ်သိက္ခာသည် ထိပ်ဆုံးကပါဝင်ကြောင်း၊ ဂုဏ်သိက္ခာရှိသူကိုသာ ယုံကြည်မှုများကြောင်း စသည့်အချက်များကို ဆွေးနွေးပြီး စာဖတ်ပရိ သတ်တစ်ဦးဖြစ်သူ မသဥ္ဇာလှိုင်က “ကောင်းမွန်သော ခေါင်းဆောင်မှု၌ ကောင်းသော စိတ်သဘောထားကို ထည့်ပေါင်းခြင်း” ခေါင်းစဉ်မှ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လိုပါက ကောင်းမွန်သောစိတ်ထားရှိရန်လိုကြောင်း၊ ခေါင်းဆောင်တွင်ရှိသော စိတ်ထား ကောင်းသည် နောက်လိုက်များဆီသို့ ကူးစက်ပျံ့နှံ့စေပြီး အဖွဲ့အစည်းတစ်ခုလုံး၏ အောင်မြင်မှု ကို ရယူနိုင်မည်ဖြစ်ကြောင်း စသည့်အချက်များကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြ​သည်။


စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့ အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။


တင်ဇာလွင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)