MNP ၊ ဇူလိုင် ၁၂
မနေက နံနက် ၅ နာရီခွဲခန့်တွင် ချင်းပြည်နယ်၊ တီးတိန်မြိုhနယ်၊ သိုင်းငင်းလမ်းကြောင်းထိန်းစခန်းတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး အဖွဲ့ဝင်များအား CDF အကြမ်းဖက်အဖွဲ့များမှ ၄၀မမ၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ပြန်လည်တိုက်ခိုက်ခဲ့ရာ CDF အကြမ်းဖက်များသည် အလောင်းများပင် ပြန်မကောက်နိုင်ပဲ အထိနာစွာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ထိတွေ့မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် CDF အလောင်း ၃ လောင်း၊ ကျည်အိမ် ၃ ခု၊ ကျောပိုးအိတ် ၂ လုံး၊ ဆေးမျိုးစုံ ၁ထုပ် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment