MNP ၊ ဇူလိုင် ၁၁
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့၊ နံနက်၁၀၃၀ ချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် စစ်ေတွခရိုင်ရုံးမှ ဒေါ်ခင်ယုယုနွယ်နှင့် စစ်တွေမြို့၊ အမှတ်(၅) လူကုန်ကူးမှုတားဆီးန်ှိမ်နင်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူးရဲမှူးမျိုးလွင်က လူကုန်ကူးမှုနောက်ခံသမိုင်းများ၊ လူကုန်ကူးမှု၏အစိတ် အပိုင်း(၃)ရပ်၊ လူကုန်ကူးမခံရအောင်ရှောင်ကြဥ်ရမည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊လှုပ်ရှားဆောင်ရွက်မှုများ အကြောင်းအရာ တို့ကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးအနေဖြင့် ပြည်သူများဗဟုသုတရရှိစေရေး Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇူလိုင်ကြယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment