လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အာဇာနည်နေ့ အထိမ်းအမှတ် အင်္ဂလိပ်စာ ဉာဏ်စမ်းပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲ ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အာဇာနည်နေ့ အထိမ်းအမှတ် အင်္ဂလိပ်စာ ဉာဏ်စမ်းပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲ ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ





MNP ၊ ဇူလိုင် ၁၉

(၇၆)နစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အင်္ဂလိပ်စာဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန ( Community Centre – Lashio) ရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက်(၁၁ ) နာရီအချိန်က ကျင်းပပြုလုပ်သည်။


ဆုချီးမြှင့်ခြင်း အခမ်းအနားတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦး က (၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရခြင်းအကြောင်းနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဟောပြောသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီဆွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရွှေဧရာကိုယ်ပိုင် အထက်တန်းကျောင်းမှ မောင်ရဲမင်းသန့်၊ ဒုတိယဆုရရှိသည့် အင်တာနေရှင်နယ် ကိုယ်ပိုင် အထက်တန်းကျောင်းမှ မမေမြတ်နိုင်းလင်း၊ တတိယဆုရရှိသည့် အင်တာနေရှင်နယ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ မလွေးဆိုင်းဆွတ်ပန် တို့ကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရရှိသည့် Group (D) မှ မောင်သီဟလှိုင်၊ မောင်မင်းသွေးကျော်၊ စိုင်းလျှန်လိန်ဝမ်း၊မနှင်းဦးလှိုင် တို့ကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။


အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲသို့ လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူပေါင်း (၃၆) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲသို့ တက်ရောက်လာကြသည့်  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများသည် အခမ်းအနားတွင် ပြသထားသည့် (၇၆)နှစ်မြောက်  အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်ပြဘုတ်များနှင့် Community Centre အတွင်း ပြသထားသည့် ပြခန်းများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)