MNP ၊ ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးကို KNU အကြမ်းဖက်အဖွဲ့က ယမန်နေ့ ည နာရီ ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဗုံးထောင်ဖောက်ခွဲ၍ ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ဖာပွန်မြို့ပေါ်တွင် သွားလာရေးအခက်အခဲနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် လူနေထိုင်မှု ကျဲပါးနေပြီး KNU အကြမ်းဖက်အဖွဲ့ ညအချိန် လာရောက်ဖောက်ခွဲဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များလည်း တိမ်းရှောင်နေကြရကြောင်း သိရသည်။
KNU အကြမ်းဖက်အဖွဲ့၏ ဗုံးဖောက်ခွဲမှုကြောင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၏ ပင်မဆောင်နေရာနှင့် အစည်းအဝေးခန်းမတို့ ပျက်စီးသွားကြောင်းသိရှိရသည်။
#MyanmarNationalPost



No comments:
Post a Comment