ကျောက်တံခါးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ နေအိမ်များကို KNU/PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံခါးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ နေအိမ်များကို KNU/PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး





MNP ၊ ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တောင်ခင်အုပ်စု အလှိုင်၊ တောင်ခင်၊ ကျွဲတလင်း၊ နွားရေချောင်း၊ လေးအိမ်စုကျေးရွာများတွင် KNU/PDF အကြမ်းဖက်သမားများ ရောက်ရှိနေပြီး ယမန်နေ့ ညနေပိုင်းက ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကော်မတီဝင် ကိုကျော်ဖြိုးလှိုင်၏ တောင်ခင်ကျေးရွာရှိ နေအိမ်အပါအဝင် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

KNU/PDF အကြမ်းဖက်သမားများက ကျောက်တံခါးမြို့နယ် တောင်ခင်ကျေးရွာတွင် ဇူလိုင်လ(၂၁)ရက် နေ့လယ် (၃)အချိန်ခန့်က တောင်ခင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်၏  RC(၁)ထပ်အိမ်၊ ဦးသန်းလှိုင်၏ ညီမ ဒေါ်ငယ်မာဝင်း၏ ပျဉ်ထောင်/ ပျဉ်ခင်းသွပ်မိုးအိမ်(၁)လုံးနှင့် ဦးတိုးဝင်း၏ ပျဉ်ထောင်/ ပျဉ်ခင်း သွပ်မိုးအိမ်(၁)လုံးတို့ မီးရှို့ဖျက်ဆီးခြင်း ခံရပြီး တောင်ခင်ကျေးရွာနေ ဦးတင်မျိုးဆွေအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများ ထံ KNU/PDF အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိကြောင်း တင်ပြ၍ အကူအညီတောင်းခံခဲ့သော်လည်း ကူညီဆောင်ရွက်ပေးခြင်း မရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)