မြဝတီမြို့၊ ပွင့်လင်းအေးမြိုင်ကျေးရွာ အဝင်လမ်းတွင် KTLA /PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၊ ပွင့်လင်းအေးမြိုင်ကျေးရွာ အဝင်လမ်းတွင် KTLA /PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရ



MNP ၊ ဇူလိုင် ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ပွင့်လင်းအေးမြိုင်ကျေးရွာအဝင်လမ်းတွင် KTLA /PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကိုအောင်ကျော်ဆင့် တွင် ယာဘက်ခါး လက်နက်ငယ်ကျည်ဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)ဖြင့် ခရိုင်ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပါသည်။

ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ယာဉ်အမှတ် KYN-7 9G-2147 Honda Fit (အနက်ရောင်)ကို ကိုအောင်ကျော်ဆင့်က မောင်းနှင်ပြီး ဘေးတွင် ကိုနိုင်ချ စီးနင်းလိုက် ပါ၍ Union Hotelမှ ဧည့်သည်တစ်ဦးအား မြဝတီမြို့နယ်၊ အေးသုခကျေးရွာရှိ စိမ်းလဲ့မြိုင် အဝေးပြေးယာဉ်ရပ်နားကွင်း၊ GIကားဂိတ်သို့ သွားရောက်ပို့ဆောင်ပြီး အပြန်တွင် ပွင့်လင်းအေးမြိုင်ကျေးရွာရှိ သစ်တံခါး ဆရာတော်ကျောင်းသို့ ဖူးမျှော်ရန်သွား ရောက်စဉ် ပွင့်လင်းအေးမြိုင်ကျေးရွာအဝင်လမ်း၏ ဝဲဘက်ခြမ်း ချုံနွယ်သစ်ပင်များကြားမှ KTLA /PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ၁၅ ချက်ခန့် ယာဉ်၏ နောက်ပိုင်းသို့ ပစ်ခတ်ခဲ့ကြောင်း၊ ကိုနိုင်ချေ မှ ပြည်သူများဖြစ်ကြောင်း အော်ဟစ်ပြောဆိုခဲ့ရာ ပစ်ခတ်မှုရပ်တန့်ကာ ချုံနွယ်သစ်ပင်များ ကြားသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ယာဉ်၏ နောက်ပိုင်းတွင် လက်နက်ငယ် ကျည် ၄ ချက်ထိမှန်ခဲ့ပြီး ယာဉ်၏ နောက်ပိုင်းမှတစ်ဆင့် ကိုအောင်ကျော်ဆင့် အား ထိမှန်ဒဏ်ရာရရှိခဲ့ကာ ကိုနိုင်ချေ တွင် ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ကြောင်းနှင့် ယာဉ်အား လက်နက်ငယ်ကျည်ထိမှန်မှုကြောင့် ကာလ တန်ဖိုး(၅)သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

KTLA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့သည် မနက်ဖြန်ကျရောက်မည့် အာဇာနည်နေ့တွင် မြဝတီမြို့ကို ဝင်ရောက်တိုက်ခိုက်ရန် စီမံနေကြောင်း သတင်းများထွက်ပေါ်နေရာ မြို့ပေါ်နေပြည်သူများအနေဖြင့် စိုးရိမ်ကြောက်လန့်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)