ပျဉ်းမနား၊ လယ်ဝေး က NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေ ယုတ်မာလွန်းနေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနား၊ လယ်ဝေး က NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေ ယုတ်မာလွန်းနေပြီ

ပျဉ်းမနားမြို့နယ်၊ သစ်တွန်အုပ်စု၊ မြသာကျေးရွာ ရာအိမ်မှူး ဦးမြင့်ဇော်ဦး PDF အကြမ်းဖက်သမားများ၏ ထပ်မံလုပ်ကြံသတ်ဖြတ်ခြင်း ခံရ



MNP ၊ ဇူလိုင် ၃၀

ပျဉ်းမနားမြို့နယ်၊ သစ်တွန်အုပ်စု၊ မြသာကျေးရွာအဝင်ချောင်းဘေး၌ မြသာကျေးရွာ ရာအိမ်မှူး ဦးမြင့်ဇော်ဦး အား ယနေ့ ညနေ ၆ ၃၀ ဝန်းကျင်က PDF အကြမ်းဖက်သမားများ က လာရောက်လုပ်ကြံ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရာအိမ်မှူး ဦးမြင့်ဇော်ဦး သည် ပျဉ်းမနားမြို့နယ်၊ ဘန့်ဘားအုပ်စု၊ အောင်ဘိတ်သိတ် ကျေးရွာနေ ၂၀၂၃ ဇူ ၂၉ ၁၈ ၀၀ အချိန်ခန့်တွင် ပျဉ်းမနားမြို့နယ်၊ ကိုးတစ်အုပ်စု၊ ကိုးတစ်ရွာမနှင့် ဖုန်းဆိုးရွာကြား၌ PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်/မီးရှို့မှုကြောင့်သေဆုံးသွားခဲ့သည့် ဦးကျော်လင်း ၏ နာရေးနေအိမ်သို့ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး နေအိမ်သို့ပြန်လာစဉ် မြသာကျေးရွာအဝင် ချောင်းဘေး၌ PDF အကြမ်းဖက်သမားများ၏ ပစ်သတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

ယမန်နေ့ က ဖြစ်ပေါ်ခဲ့သည့် PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုဖြစ်စဉ်တွင် “နိုင်ဟင်ဒရာ”မျှစ်ထုတ်လုပ်ရေးကုမ္ပဏီမှ ဦးဝင်းရွှေ(လယ်ဝေးမြို့)၊ စပ်ဝင်းသိန်း နှင့် ဦးကျော်လင်း နေသူတို့(၃)ဦးသည် SURF မော်တော်ယာဉ်ဖြင့် မျှစ်ဝယ်ယူ၍ ခြောက်အိမ်စုကျေးရွာမှပြန်လာစဉ် ပျဉ်မနားမြို့နယ်၊ ကိုးတစ်ကျေးရွာအုပ်စု ဖုန်းဆိုးရွာနှင့် ကိုးတစ်ရွာကြားအရောက်တွင် PDF အကြမ်းဖက်သမားများ၏ ပစ်သတ်ခြင်းကို ခံခဲ့ရပြီး ကားကိုပါမီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။

ပျဉ်းမနား၊ လယ်ဝေး မှ NLD ဦးဆောင်သူ PDF အကြမ်းဖက်သမားများ ၏ လက်ချက်ဟု ယူဆရပြီး ပစ်ခတ်ခံခဲ့ရသူများထဲတွင် ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးမြို့နယ်ကော်မတီဝင်ဟောင်း တစ်ဦး ပါဝင်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)