ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများထောင်ထားသည့် မြေမြှုပ်ဗုံးများ ဖော်ထုတ်ရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများထောင်ထားသည့် မြေမြှုပ်ဗုံးများ ဖော်ထုတ်ရှင်းလင်း





MNP ၊ ဇူလိုင် ၁၆

မြင်းခြံမြို့နယ်၊ ထိန်ပင်ကျေးရွာနှင့် ရွာသစ်ကျေးရွာကြားတွင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများထောင်ထားသည့် မြေမြှုပ်ဗုံးများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက အများပြည်သူ အန္တရာယ်ကင်းရှင်းစေရန်အတွက် ဖော်ထုတ်ရှင်းလင်းပေးခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ရန် စောင့်စိုင်းနေသော PDF အကြမ်းဖက်သမား ၂ဦး မိုင်းကွဲပြီး သေဆုံးလျက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက အများပြည်သူသုံးလမ်းမပေါ်တွင် မိုင်းများထောင်ထားကြောင်း ဒေသခံများ၏ သတင်းပေးမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းရာ မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာနှင့် ရွာသစ်ကျေးရွာကြားအရောက်တွင် မိုင်း ၄ လုံးပေါက်ကွဲ၍ ပစ်ခတ်ရှင်းလင်းရာ မိုင်းဆွဲရန် စောင့်ဆိုင်းနေသော PDF ၂ လောင်း၊ မုန့်ဗုံးဖြင့်လုပ်ထားသော လက်လုပ်မိုင်း ၉ လုံး၊ ရှော့တိုက်လက်လုပ်စိန်ပြောင်း ၂ လက်၊ ဝါယာကြိုး ၁ ခွေ၊ ဘက်ထရီအိုး ၃ လုံး တို့ကို ဖော်ထုတ်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး မိုင်းများ ဖော်ထုတ်ရှင်းလင်းစဉ် စစ်သည် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပြည်ပြေးဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ မြှပ်နှံထားသောမိုင်းများအား တပ်မတော် မိုင်းရှင်းစစ်သည်များမှ အသက်ကို ပဓာနမထားဘဲ ပြည်သူများအတွက်  ရှင်းလင်းပေးနိုင်ခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)