ဒေါ်အောင်ဆန်းစုကြည် က အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေသည့် NUG, PDF အကြမ်းဖက်အဖွဲ့များကို အသိအမှတ် မပြုဟု ပြောဆိုထားသော်လည်း အကြမ်းဖက်လှုပ်ရှားမှုအတွက် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို အသုံးပြု၍ ရန်ပုံငွေ ရှာဖွေလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါ်အောင်ဆန်းစုကြည် က အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေသည့် NUG, PDF အကြမ်းဖက်အဖွဲ့များကို အသိအမှတ် မပြုဟု ပြောဆိုထားသော်လည်း အကြမ်းဖက်လှုပ်ရှားမှုအတွက် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို အသုံးပြု၍ ရန်ပုံငွေ ရှာဖွေလျှက်ရှိ


MNP ၊ ဇူလိုင် ၃၀

အဂတိလိုက်စားမှုများဖြင့် အကျဉ်းကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်တွင် အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပြီး အနောက်အုပ်စု၏ ပံ့ပိုးမှုဖြင့် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေသော NUG, PDF အဖွဲ့များအား အသိအမှတ် မပြုကြောင်း ပြောဆိုထားပြီး ဖြစ်သော်လည်း ဝရမ်းပြေး ပန်ဆယ်လို က ဒေါ်အောင်ဆန်းစုကြည် ၏ ရုပ်ပုံကို အသုံးပြု၍ NUG, PDF အကြမ်းဖက်အဖွဲ့အတွက် ရန်ပုံငွေ ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်ရသည်။

အကြမ်းဖက်လှုပ်ရှားမှုအတွက် ရန်ပုံငွေရှာဖွေပေးသူ ဝရမ်းပြေး မိန်းမယုတ် ပန်ဆယ်လို က "ဒီတော်လှန်ရတနာလေးရဲ့ အလှူရှင်က တော်လှန်ရေးကြောင့် ပြည်ပကို ထွက်ပြေးလာရပြီး ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံထားရတဲ့ တော်လှန်သူအမျိုးသမီးတစ်ယောက်ရဲ့ တစ်ခုတည်းသော ကျန်တော့တဲ့ ရတနာပစ္စည်း ဖြစ်ပါတယ်။ ကျွန်မဆီ ပြီးခဲ့တဲ့နှစ်ကတည်းက အကြိမ်ကြိမ်လာလှူဒါန်းပေမယ့် လက်မခံရက်တာကြောင့် အကြိမ်ကြိမ်ငြင်းပယ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပွဲတစ်ခုထိ ကိုယ်တိုင်လာရောက်ပြီး အတင်းလှူဒါန်းသွားခဲ့တာပါ။ အမေစုဝတ်ဆင်ခဲ့ဖူးတဲ့ ဒီဇိုင်းလေးမို့ နှစ်သက်လွန်းလို့ အမှတ်တရ ပြုလုပ်ထားခဲ့တာ ဖြစ်တာကြောင့် တော်လှန်ရေးအတွက်ပဲ အသုံးပြုမယ်လို့ စိတ်ပိုင်းဖြတ်ထားတာကြောင့်ပါတဲ့။ ရွှေသား တစ်ကျပ်သားကျော် ပါဝင်ပြီး ကျောက်မြတ်ရတနာလေးတွေလည်း ပါဝင်ပါတယ်။  ဒီတော်လှန်ရတနာလေးကို USD 2800 ရချင်ပါတယ်ရှင်။ အမေ့ပုံလေး လိုက်ရှာရင်း အမေ့ကို သတိရလိုက်တာ။" ဟု မျက်ရည်ခြူ၍ အကြမ်းဖက်လှုပ်ရှားမှုအတွက် ရန်ပုံငွေ ရှာဖွေနေခြင်းဖြစ်သည်။

ဝရမ်းပြေး မိန်းမယုတ် ပန်ဆယ်လိုသည် NUG, PDF မှ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၆၁၀၀ ကျော် အထိ သတ်ဖြတ်သည်အထိ စဉ်ဆက်မပြတ် ရန်ပုံငွေ ရှာပေးခဲ့ပြီး ထိုသို့ အလှူခံရင်းမှ အမေရိကန်နိုင်ငံတွင် စတိုးဆိုင်ဖွင့်လှစ်နိုင်သည်အထိ အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြု၍ ကိုယ်ကျိုးရှာခဲ့သည်။ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်အဖွဲ့များ၏ ကူညီပံ့ပိုးမှုဖြင့် အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသော PDF အကြမ်းဖက်သမား ၄၀၀၀ ထက် မနည်း သေဆုံးခဲ့ရပြီး ဖြစ်သည်။

ဝရမ်းပြေး မိန်းမယုတ် ပန်ဆယ်လိုအပါအဝင် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးရောက်ရှိနေကြသည့် CRPH, NUG အဖွဲ့ဝင်များမှာ အမေရိကန်အစိုးရထံမှ အကူအညီရရန် မျှော်လင့်နေကြပြီး အကြမ်းဖက်လှုပ်ရှားမှုအတွက် ရန်ပုံငွေရှာဖွေမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နေကြဆဲဖြစ်သည်။

အကြမ်းဖက်လုပ်ရပ်များအပေါ် မေတ္တာရပ်ခံခဲ့သည့် သဘာဝတရားရိပ်သာဆရာတော်ကို ဆဲဆိုစော်ကားသည့် အမေရိကန်ရောက် ယုတ်မာရိုင်းစိုင်းသော နီပိန်းအသိုင်းအဝိုင်း၏ ဆန္ဒပြမှုတွင်လည်း ဝရမ်းပြေး မိန်းမယုတ် ပန်ဆယ်လို ပါဝင်ခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)