ယင်းမာပင်မြို့နယ်၊ (ဂ)ရပ်ကွက်ရှိ စာသင်ကျောင်းပေါ်သို့ PDF အကြမ်းဖက်သမားများ က ဒရုန်းဖြင့် ဗုံးသီး ၂လုံး ပစ်ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယင်းမာပင်မြို့နယ်၊ (ဂ)ရပ်ကွက်ရှိ စာသင်ကျောင်းပေါ်သို့ PDF အကြမ်းဖက်သမားများ က ဒရုန်းဖြင့် ဗုံးသီး ၂လုံး ပစ်ချ



MNP ၊ ဇူလိုင် ၁၂ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို၊ (ဂ)ရပ်ကွက်တွင် လုံခြုံရေးအဖွဲများက အများပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် လုံခြုံရေးဆောင်ရွက်နေစဉ်  ယမန်နေ့ နေ့လည် ၂ နာရီခန့်တွင် PDF အကြမ်းဖက်သမားများက Drone ၁ စီးဖြင့် Drop Bomb ၂ လုံးအား ဖြုတ်ချဖောက်ခွဲခဲ့ရာ စာသင်ကျောင်း၏ မြောက်ဘက်ခြံစည်းရိုးအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ လုံခြုံရေးအဖွဲများက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ PDF အကြမ်းဖက်သမားများ၏ ဒရုန်း ၁ စီးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများအနေဖြင့် ဒရုန်းများအသုံးပြု၍ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အစိုးရအဆောက်အဦများ၊ တံတားများကို ဖောက်ခွဲဖျက်ဆီးမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)