MNP ၊ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် မြို့အဝင်ကြာပန်းဝိုင်း ဂိတ်တွင် အများပြည်သူများ အေးချမ်းစွာ နေထိုင်သွားလာနိုင်ရေး လုံခြုံရေး အဖွဲ့များက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် ယနေ့ နေလည် ၁၁ နာရီခွဲခန့်တွင် အဖျက်အမှောင့်များ လုပ်ဆောင်နေသည့် PDF အကြမ်းဖက်သမားများသည် ဒရုန်း ဖြင့် ကြာပန်းဝိုင်း စစ်ဆေးရေးဂိတ် နေရာနှင့် တိုင်းရင်းဆေးရုံတို့အား Drop Bomb လာရောက် ပစ်ချဖောက်ခွဲခဲ့သဖြင့် လုံခြုံရေးအဖွဲများက Drone Gun ဖြင့် ပြန်လည် ပစ်ချခဲ့ရာ PDF အကြမ်းဖက်သမားများ၏ ဒရုန်း ၁ စီးအား သိမ်းဆည်း ရရှိခဲ့သည်။
ရေဦးမြို့နယ်တွင် NLD အမတ်ဟောင်း မြင့်ထွေးက PDF အကြမ်းဖက်အဖွဲ့ကို ဦးဆောင်၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းဖြစ်ပြီး အပြစ်မဲ့ပြည်သူပေါင်း ရာနှင့်ချီ၍ သတ်ခဲ့သည့်အတွက် မြင့်ထွေး ဦးဆောင်သည့် PDF အဖွဲ့အား ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများ ဆက်သွယ်ပြောဆိုလျက်ရှိသည်။
#MyanmarNationalPost

No comments:
Post a Comment