Pages

Pages

ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည်ဝန်းကျင်တွင် PDF အကြမ်းဖက်သမားများ ခိုအောင်းမှုမရှိစေရန်အတွက် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းဆောင်ရွက်


MNP ၊ ဇူလိုင် ၂၀

ပဲခူးတိုင်းဒေသကြီး ၊ ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည်ဝန်းကျင်တွင် အကြမ်းဖက်သမားများ ခိုအောင်းမှုမရှိစေရန်အတွက် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်  တပ်မတော်စစ်ကြောင်းနှင့် PDFအကြမ်းဖက်သမားများ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၁ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

အဆို ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်သမား အလောင်း ၁ လောင်း၊ MA 3 ၁ လက်၊ M 4 ၁ လက်၊ တူမီးသေနတ် ၁ လက်၊ ကျည်  ၆၀ တောင့်၊ ကျည်အိမ် ၂ ခု၊ ယမ်းဗူး ၁ ဗူး၊ ဝါယာကြိုး ၃၀ ပေ၊ လည်တိုဖိနပ် ၂ ရံ၊ ကျောပိုးအိပ် ၃ လုံး သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်စစ်ကြောင်းဘက်မှ တပ်မတော်သားများ ထိခိုက်မှုတစ်စုံတစ်ရာ မရရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment